ဂွမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၈.၉.၂၀၁၉ ရက်နေ့နှင့် ၁၉-၉-၂၀၁၉ ရက်နေ့တို့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သစ်တောဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး ကြီးကြပ်ဦးဆောင်၍ ဂွမြို့နယ် သစ်တောဦးစီးဌာန မှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ နှင့်ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်ပူးပေါင်းအဖွဲ့ဖြင့် ဂွမြို့နယ်အတွင်း တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းဆောင်ရွက်ရာ ၁၈-၉-၂၀၁၉ ရက်နေ့တွင် မွေးလွန်းချောင်း ပတ်ဝန်းကျင် တောတွင်းနေရာများမှ တရားမဝင် ကညင်၊ ကညောင်း၊ တောင်ပိန္နဲ၊ တောင်သရက် သစ်လုံး/ခွဲသား စုစုပေါင်း (၂၁၉)လုံး/ချောင်း၊ (၁၂၂.၄၈၉၄)တန် အား လည်းကောင်း ၁၉.၉.၂၀၁၉ ရက်နေ့တွင် လိပ်ပုတ်ချောင်းနှင့် ငထွးချောင်း ပတ်ဝန်းကျင် တောတွင်းနေရာများ မှ တရားမဝင် ကညင်၊ ကညောင်း၊ တောင်သရက်၊ မကျည်းပွေးခွဲသား(၃၀၀)ချောင်း၊ (၄၆.၉၃၆၈)တန် အားလည်ကောင်း စုစုပေါင်း(၁၆၉.၄၂၆၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီအရေးယူနိုင်ရေးစီစဉ် ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, September 23, 2019 - 15:45