မင်းကင်းမြို့နယ်အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၉-၉-၂၀၁၉ ရက်နေ့မှ ၂၂-၉-၂၀၁၉ ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၏ ညွှန်ကြားချက်ဖြင့် ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မင်းကင်းမြို့နယ်၊ ပလ္လင်ကြိုးဝိုင်း၊ ရှဲကျေးရွာ၊ သေမသောက်ကျေးရွာ၊ သံပေါက်ချောင်း၊ မောက္ကတောချောင်းနှင့် ငါးနန္ဒကျေးရွာ နေရာအနီးဝန်းကျင်တို့မှတရားမဝင်ကျွန်း/ပျဉ်းကတိုး/အင်/သရက်သစ်/ခွဲသား(၁၀၂)လုံး/ချောင်း (၂၇.၉၇၄၆) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 24, 2019 - 10:15