ပဲခူးမြို့နယ်အတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၀-၉-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ သရက်ကုန်းကျေးရွာအဝင်လမ်းအတွင်း ရပ်တော်မူဘုရား အနီး၊ ရာဘာခြံအတွင်း မော်တော်ယာဉ်အမှတ်-(BGO-4P/1109) BONGO (၆)ဘီး အဖြူရောင် ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၃၁၆)ချောင်း (၁.၇၂၃၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, September 24, 2019 - 10:15