သီပေါမြို့နယ်၊ Oriental Highway တိုးဂိတ်လ်အနီး မော်တော်ယာဉ် (၃)စီး နှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၉-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သီပေါမြို့နယ်၊ Oriental Highway တိုးဂိတ်လ်အနီး မော်တော်ယာဉ် (၃)စီးနှင့်အတူ တရားမဝင် ပိတောက်/ကျွန်း ခွဲသား (၅၃၀)ချောင်း (၄.၆၉၅၄)တန်အား တရားခံ(၄)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 24, 2019 - 10:30