မဘိမ်းမြို့နယ်၊ ရွှေလီမြစ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၀-၉-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့၊ ပြည်သူ့စစ် ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ ရွှေလီမြစ်အတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ကညင် သစ်/ခွဲသား (၁၃၂)လုံး/ချောင်း (၁၈.၉၄၇၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, September 24, 2019 - 10:30