ITTO Regional Workshop on “Enhancing Conservation and Sustainable Management of Teak Forests and Legal and Sustainable Wood Supply Chains in the Greater Mekong Sub-region ဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တွင် ၂၀၁၈ ခုနှစ်မှစ၍ ပြည်တွင်း/ပြည်ပ သင်တန်းများ ဖွင့်လှစ်ကျင်းပလျက်ရှိပါသည်။၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ITTO Regional Workshop on “Enhancing Conservation and Sustainable Management of Teak Forests and Legal and Sustainable Wood Supply Chains in the Greater Mekong Sub-region ဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို (၃)ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဖွင့်ပွဲအခမ်း အနားကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉:၀၀ တွင် ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စုဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တက်ရောက်ကာ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ဤအလုပ်ရုံ ဆွေးနွေးပွဲကို မဲခေါင်ဒေသနိုင်ငံများရှိ ကျွန်းတောများ စဉ်ဆက်မပြတ် စီမံ အုပ်ချုပ်ခြင်းအတွက် သုတေသနလုပ်ငန်းများ၊ ဖွံဖြိုးရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးဖော်ထုတ်သွားရန်၊ ကျွန်းသစ်တောများအပေါ် ရင်းနှီးမြုပ်နှံမှုနှင့် တရားဝင်နှင့် စဉ်ဆက်မပြတ် ထောက်ပံ့ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များဖြင့် မူဝါဒနှင့် ဥပဒေကြောင်း ဆိုင်ရာ အစီအစဉ်များအပေါ် ပြန်လည်သုံးသပ်နိုင်ရန်၊ ဒေသခံပြည်သူများအပေါ် သစ်တော များ စီမံအုပ်ချုပ်မှု လုပ်ငန်းနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့် ပေးအပ်နိုင်မှုအပေါ် မူဝါဒပိုင်း ဆိုင်ရာ အတွေ့အကြုံများ မျှဝေနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။အလုပ်ရုံဆွေးနွေးပွဲသို့ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များအပါအဝင် ကိုရီးယား၊ ဂျပန်၊ ဘရာဇီး၊ နယ်သာလန်၊ အင်ဒိုနီးရှားနိုင်ငံ များမှ ကိုယ်စားလှယ်များ၊ အကြံပေးအဖွဲ့ဝင်များ၊ လေ့လာသူများဖြင့် စုစုပေါင်း (၄၀)ဦး တက်ရောက်လျက်ရှိပါသည်။

date: 
Tuesday, September 24, 2019 - 15:00