ဥတ္တရသီရိမြို့နယ်၊ ပန်းခင်းမီးပွိုင့်အနီး မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၂-၉-၂၀၁၉ ရက်နေ့တွင် နေပြည်တောင်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ အောင်သာယာရပ်ကွက် ရာဇာဌာနီလမ်း ပန်းခင်းမီးပွိုင့်အနီး မော်တော်ယာဉ် အမှတ် (YGN 3L/8946) WISH ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၁၅)ချောင်း (၀.၄၁၅၈)တန်၊ TASTO အမျိုးစား လက်ကိုင်စက်လွှ ချိန်းဆော (၁)လက် တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, September 25, 2019 - 10:30