လက်ပံတန်းမြို့နယ်၊ မြောက်ဇာမရီကြိုးဝိုင်း(၆၀၊၆၅၊၆၆)တို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၁-၉-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ ဝန်းကျင်/သားငှက်အဖွဲ့ ပါဝင်သော ပူးပေါင်း အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ မြောက်ဇာမရီကြိုးဝိုင်း(၆၀၊၆၅၊၆၆)တို့အတွင်း တရားမဝင် ကျွန်းသစ်/ခွဲသား (၆၀)လုံး/ချောင်း (၅.၇၇၆၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, September 25, 2019 - 10:30