ဖြူးမြို့နယ်၊ ဖြူးကွန်း(၁)ကြိုးပြင်ကာကွယ်တောအတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၄-၉-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဖြူးမြို့နယ်၊ ဖြူးကွန်း(၁)ကြိုးပြင်ကာကွယ်တောအတွင်း မော်တော်ယာဉ် အမှတ် (1N/6570) FORLAND DUMP TRUCK ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၁၃)လုံး (၀.၈၆၄၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, September 26, 2019 - 13:00