မဘိမ်းမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ်များ ဖမ်းဆီးရမိ
၃၀-၉-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တော ဝန်ထမ်းများအဖွဲ့သည် မဘိမ်းမြို့နယ်၊ ကြိုးပြင်(IX)နှင့် နမ့်မဲကြိုးဝိုင်း အကွက်အမှတ်(၂)နေရာတို့မှ တရားမဝင် ကျွန်းသစ် (၄၄)လုံး (၆.၉၅၈၀)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date:
Friday, October 4, 2019 - 13:30
