ရေဖြူမြို့နယ်၊ မလွှဲတောင်စုပေါင်းစစ်ဆေးရေးစခန်းအနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁-၁၀-၂၀၁၉ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တော ဝန်ထမ်းများအဖွဲ့သည် ရေဖြူမြို့နယ်၊ မလွှဲတောင် စုပေါင်းစစ်ဆေးရေး စခန်းအနီး ရေး-ထားဝယ် ကားလမ်း မိုင်တိုင် အမှတ်(၈၁/၆)တွင် မော်တော်ယာဉ်အမှတ် (YGN/6B-4302) NISSAN DIESEL UD-CV-290 (၁၂)ဘီးယာဉ် ခေါင်း (ဖြူနီကျား) ကိုယ်ထည် (ပြာစိမ်းဖြူဝါကျား) ယာဉ်ပေါ်မှ တရားမဝင် ကညင်/ကဘန်/ကဒွတ် (၅၁)ချောင်း (၁၃.၆၄၅၄)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရ မိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, October 7, 2019 - 13:15