သစ်တောနည်းဥပဒေ (မူကြမ်း) အပေါ် အကျိုးသက်ဆိုင်သူများ၏ ဖြည့်စွက်အကြံပြုချက်များအား ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ပထမအကြိမ် ကျွမ်းကျင်သူစကားဝိုင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

သစ်တောနည်းဥပဒေ (မူကြမ်း) အပေါ် အကျိုးသက်ဆိုင်သူများ၏ ဖြည့်စွက်အကြံပြု ချက်များအား ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ပထမအကြိမ် ကျွမ်းကျင်သူစကားဝိုင်း အလုပ်ရုံ ဆွေးနွေးပွဲအား၊ တော်ဝင်နေပြည်တော်ဟိုတယ်၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်ေတာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ ပြည်သူ့လွတ်တော်နှင့်အမျိုးသားလွှတ်တော်၊သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှကိုယ်စားလှယ်များ၊ဌာနဆိုင်ရာအသီးသီးမှကျွမ်းကျင်ပညာရှင်များ၊တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှပုဂ္ဂလိကလုပ်ငန်းရှင်များ၊ဒေသခံတိုင်းရင်းသားကိုယ်စား လှယ်များ၊အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ပြည်တွင်းပြည်ပအစိုးရမဟုတ်သောအဖွဲ့အစည်းအသီးသီး မှ ကိုယ်စားလှယ်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲအား ၇ - ၁၀ - ၂၀၁၉ ရက်နေ့နှင့် ၈ - ၁၀ - ၂၀၁၉ ရက်ေန့ထိ (၂) ရက်တာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

date: 
Monday, October 7, 2019 - 14:30