သဘာဝထိန်းသိမ်းရေးနယ်မြေ (၉) ခု၏ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအတွက် ငှက်စာရင်းကောက် ယူခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ကောက်နှုတ်တင်ပြချက်

သဘာဝထိန်းသိမ်းရေးနယ်မြေများ၏ ဥယျာဉ်/ဘေးမဲ့တောအလိုက် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်ရေးလုပ်ငန်းအနေဖြင့် ငှက်မျိုးစိတ်စာရင်းကောက်ယူခြင်းလုပ်ငန်းကိုလစဉ်ဆောင်ရွက်လျက်ရှိရာ သဘာဝထိန်းသိမ်းရေးနယ်မြေ (၉) ခု၏ ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း ငှက်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။
ပိတောင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ ဦးအောင်ဇော်လင်း(တောအုပ်) ဦးဆောင်သည့်ဝန်ထမ်း(၄)ဦးဖြင့် စာရင်းကောက်ယူမှုအရ ဒေသရင်းငှက်မျိုးစိတ်(၁၂၂)မျိုး၊ ဆောင်းခိုငှက်မျိုး စိတ် (၃) မျိုး၊ ငှက်ကောင်ရေ (၁၈၂၁) ကောင်ကိုမှတ်တမ်းတင် နိုင်ခဲ့ပါသည်။

date: 
Monday, October 7, 2019 - 16:15