ပဲခူးမြို့နယ်၊ အင်းတကော်-ကဝကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ကျွန်းခွဲသားများ ဖမ်းဆီးရမိ

၆-၁၀-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ အင်းတကော်-ကဝကားလမ်း၊ မိုင်တိုင်အမှတ်(၅/၇)နှင့် (၆/၀)ကြား၊ ထုံးကြီးကျေးရွာအဝင်လယ်ကွင်းအတွင်း မော်တော်ယာဉ်အမှတ် (MDY 5L/5497) FORLAND (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား(၃၇၇)ချောင်း (၅.၁၄၁၆)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, October 9, 2019 - 10:30