မြိတ်မြို့နယ်၊ ထူးဆိပ်ကျေးရွာအနီး၊ ဘင်းနားချောင်းကမ်းဘေးတွင် တရားမဝင် ကံ့ကော်ခွဲသားများ ဖမ်းဆီးရမိ

၆-၁၀-၂၀၁၉ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မြိတ်မြို့နယ်၊ ထူးဆိပ်ကျေးရွာအနီး၊ ဘင်းနားချောင်းကမ်းဘေးနေရာ၌ တရားမဝင်ကံ့ကော်ခွဲသား (၂၁)ချောင်း (၁၂.၈၉၄၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, October 9, 2019 - 10:45