ပေါက်ခေါင်းမြို့နယ်၊ ဖြူးကွန်းကြိုးဝိုင်းအတွင်း မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ကျွန်းသစ်/ခြမ်းများ ဖမ်းဆီးရမိ

၆-၁၀-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါက်ခေါင်းမြို့နယ်၊ ဖြူးကွန်းကြိုးဝိုင်းအကွက်အမှတ်(၄၉၊ ၅၀)တို့အတွင်း မော်တော်ယာဉ်အမှတ် (7M/4698) FORLAND (၆)ဘီးယာဉ်နှင့်အတူ တရားမဝင်ကျွန်းသစ်/ခြမ်း(၃၆)လုံး/ခြမ်း(၅.၃၈၈၀)တန်အားဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, October 9, 2019 - 10:45