သရက်ချောင်းမြို့နယ်၊ ဝက်တိုးအိုင်ချောင်းအတွင်း၌ တရားမဝင်ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၈-၁၀-၂၀၁၉ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးကျေးရွာအုပ်စု၊ ဝက်တိုးအိုင်ချောင်းအတွင်း၌ တရားမဝင်ပိတောက်ခွဲသား (၁၅)ချောင်း (၁.၈၆၂၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, October 16, 2019 - 14:15