ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအနီးတွင် တရားမဝင်သစ်စက်(၁)လုံးနှင့်အတူတရားမဝင်သစ်များ ဖမ်းဆီးရမိ

၉-၁၀-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအနီးတွင် ဂျင်ဒေါင်း(၂၅)ကောင်အင်ဂျင် (၁)လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများနှင့် အတူတရားမဝင်တောင်ဇီး/သံသေ/သဒီ/ငုသစ်(၁၁)လုံး(၃.၄၀၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သောတရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Wednesday, October 16, 2019 - 14:15