ထီးလင်းမြို့နယ်၊ ဂန့်ဂေါ-ထီးလင်းကားလမ်းတွင် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်ပိတောက်ခွဲသားများ ဖမ်းဆီးရမိ
ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၃-၁၀-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ထီးလင်းမြို့နယ်၊ ဂန့်ဂေါ-ထီးလင်းကားလမ်း၊ မိုင်တိုင်အမှတ်(၉၉/၅)နှင့် (၉၉/၆)ကြား၊ ထန်းပင်ကုန်းကျေးရွာအရှေ့ထိပ်တွင် မော်တော်ယာဉ်အမှတ် (၅ခ/၇၅၈၁) ဟီးနိုး(၆)ဘီး ခေါင်းတို(အစိမ်းရောင်)ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား(၈၃)ချောင်း(၆.၉၈၃၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။