မိုးညှင်းမြို့နယ်၊ လွိုင်မော်ကြိုးဝိုင်းအတွင်း လက်ကိုင်လွှစက်(၁)လုံးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၆-၁၀-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် မိုးညှင်းမြို့နယ်၊ လွိုင်မော်ကြိုးဝိုင်းအကွက်အမှတ်(၂၂)အတွင်းမှ တရားမဝင်ကြေးလံ၊ ခလောင်၊ ဘိုင်၊ မအူ၊ လောင်ယားသစ်(၃၂)လုံး(၂၁.၆၅၂)တန်နှင့် လက်ကိုင်လွှစက်(၁)လုံးတို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, October 17, 2019 - 15:30