လှည်းကူးမြို့နယ်၊ ရေကျော်ကျေးရွာအနီးတွင် တရားမဝင်ကျွန်းခွဲသားများဖမ်းဆီးရမိ

၁၆-၁၀-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်မျာပါဝင်သော ပူးပေါင်းအဖွဲ့သည် လှည်းကူးမြို့နယ်၊ ရေကျော်ကျေးရွာ အရှေ့တောင်ဘက်၊ လယ်ကွင်းအစပ်နေရာ၌ တရားမဝင်ကျွန်းခွဲသား(၆၇)ချောင်း (၂.၉၀၅၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, October 17, 2019 - 15:30