ကလေးဝမြို့နယ်၊ မိုးကောင်းချောင်းနှင့် မြတောင်ချောင်းအနီးဝန်းကျင်မှ တရားမဝင် အင်ခွဲသားများ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၂-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန တိုင်းစစ်ကြောင်းအဖွဲ့မှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကလေးဝမြို့နယ်၊ မိုးကောင်းချောင်းနှင့် မြတောင်ချောင်းအနီးဝန်းကျင်မှ တရားမဝင် အင်ခွဲသား (၁၇၉)ချောင်း (၁၃.၉၄၁၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, October 24, 2019 - 14:00