သဘာဝထိန်းသိမ်းရေးနယ်မြေ (၉) ခု၏ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအတွက် ငှက်စာရင်းကောက် ယူခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ကောက်နှုတ်တင်ပြချက်

သဘာဝထိန်းသိမ်းရေးနယ်မြေများ၏ ဥယျာဉ်/ဘေးမဲ့တောအလိုက် ဇီဝမျိုးစုံမျိုးကွဲထိန်း သိမ်းရေးလုပ်ငန်းအနေဖြင့် ငှက်မျိုးစိတ်စာရင်းကောက်ယူခြင်းလုပ်ငန်းကို လစဉ်ဆောင်ရွက် လျက်ရှိရာ သဘာဝထိန်းသိမ်းရေးနယ်မြေ (၉) ခု၏ ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း ငှက်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ကျိုက်ထီးရိုးတောရိုင်းတိရစ္ဆာန်မဲ့တော၌ ဒေါ်ခင်သူဇာကျော် (တိရစ္ဆာန်ထိန်း-၂) က ဘေးမဲ့တောအတွင်း ငှက်စာရင်းကောက်ယူခဲ့မှုအရ ဌာနေငှက်မျိုးစိတ် (၃၆) မျိုး၊ စုစုပေါင်း ငှက်ကောင်ရေ (၂၆၈၄) ကောင် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

date: 
Friday, October 25, 2019 - 11:45