ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ဧရာဝတီတံတားပေါ်တွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်အင်ခွဲသားများ ဖမ်းဆီးရမိ

၂၇-၁၀-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ဧရာဝတီတံတားပေါ်၌ မော်တော်ယာဉ်အမှတ် (Q/2482) ယာဉ်ပေါ်မှ တရားမဝင်အင်ခွဲသား(၁၄၈)ချောင်း (၇.၁၃၇၂)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး မော်တော်ယာဉ်အား သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းအပ်နှံရေးဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, October 29, 2019 - 14:30