မယ်စဲ့မြို့နယ်၊ နန့်ပိန်းလိန်ကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင်ကျွန်းသစ်များ ဖမ်းဆီးရမိ
၂၈-၁၀-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ ခလရ (၁၄၃)မှ ဗိုလ်မှူးမျိုးမင်းသန့် ဦးစီးစစ်ကြောင်းမှူးပါတပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မယ်စဲ့မြို့နယ်၊ နန့်ပိန်းလိန်ကြိုးပြင်ကာကွယ်တောအကွက်(၆၅)၊ ဟိုဖကျေးရွာအရှေ့ဘက်၊ ဟိုဖ-လယ်တောရွာသွားလမ်းဘေးဝဲယားနေရာ၌ တရားမဝင်ကျွန်းသစ် (၁၇၉)လုံး (၇၀.၁၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။


date:
Tuesday, October 29, 2019 - 14:30
