မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနား-ပူတာအိုသွား ကားလမ်း၊ အင်ဂျစ်ကျေးရွာအနီးတရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂၅-၁၀-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနား-ပူတာအိုသွား ကားလမ်း၊ အင်ဂျစ်ကျေးရွာအနီးဝန်းကျင်နေရာများမှ တရားမဝင်ကြေးလံ/လောက်ယား/ စကားဝါ/ ဆေးခါးသစ်/ခြမ်း(၉၃)လုံး/ခြမ်း (၈၀.၆၆၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Wednesday, October 30, 2019 - 14:15