လှည်းကူးမြို့နယ် ကြီးလေးကြီးလမ်းပေါ် နိုးဖတောကျေးရွာ တရားမဝင်ကျွန်းခွဲသားများ ဖမ်းဆီးရမိ
၂၉-၁၀-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် လှည်းကူးမြို့နယ်အတွင်း တရာမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ခြင်းဆောင်ရွက်လျှက်ရှိရာ ကြီးလေးကြီးလမ်းပေါ် ဇလုတ်ကြီး ကျေးရွာအနီး ပဲခူးမြို့ဘက်မှ မောင်းနှင်လာသော အဖြူရောင် (SKAT)ယာဉ်အား ရပ်တန့်စစ်ဆေးစဉ် နောက်ကြောင်းပြန်လှည့်၍ ပဲခူးမြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသဖြင့်လိုက်လံဖမ်းဆီးရာ နိုးဖတောကျေးရွာ အနီးတွင် တရားမဝင်သစ်များအား နောက်လှန်ချထွက်ပြေးသွားခဲ့ပြီး ဆက်လက်လိုက်ပါဖမ်းဆီးနိုင်မှု မရှိတော့ပါသဖြင့် လှန်ချထားရှိခဲ့သော တရားမဝင်ကျွန်းခွဲသား(၉၄)ချောင်း (၄.၂၃၈)တန်အား ဖမ်းဆီးရမိ ခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

