ကနီမြို့နယ်၊ နတ်လာပို့ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း စက်လှေ(၂)စီးနှင့် တရားမဝင်အင်ခွဲသားများ ဖမ်းဆီးရမိ

၂၅-၁၀-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ နတ်လာပို့ကျေးရွာ၏ တောင်ဘက်(၁)ဖာလုံခန့်အကွာ ချင်းတွင်းမြစ်အတွင်း သစ်သားခွံ အစိမ်းရောင် စက်လှေ(၂)စီးနှင့်အတူ တရားမဝင်အင်ခွဲသား(၉၆၄)ချောင်း (၂၅.၅၉၂၆)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, October 30, 2019 - 14:15