ရေတာရှည်မြို့နယ်၊ (၇)မိုင်ကျေးရွာနှင့် (၈)မိုင်ကျေးရွာအနီးဝန်းကျင်တို့၌တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၆-၁၀-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ (၇)မိုင်ရွာတောင်ဘက်၊ ချောင်းဘေးနေရာနှင့် (၈)မိုင်ရွာမြောက်ဘက်တောစပ်နေရာတို့၌ တရားမဝင်ကျွန်း/သတီ/ဘင်္ဂ/မျောက်ငိုခွဲသား (၈၀)ချောင်း (၈.၆၁၃၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, October 31, 2019 - 10:45