ပဲခူးမြို့နယ်၊ ပဲခူး-လေးအိမ်စုကျေးရွာ-အမြန်လမ်းသို့ဆက်သွယ်ထားသောလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ပျဉ်းကတိုးခွဲသားများ ဖမ်းဆီးရမိ

၂-၁၁-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေဿကြီး၊ ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ပဲခူး-လေးအိမ်စုကျေးရွာ-အမြန်လမ်းသို့ဆက်သွယ်ထားသောလမ်း၊ ရတနာရွှေကျောင်းဘုန်းကြီးကျောင်းရှေ့နေရာ၌ မော်တော်ယာဉ်အမှတ် (၇ဌ/၈၂၉၆) ထော်လာဂျီ(၆)ဘီးယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား (၈၃)ချောင်း (၂.၂၉၀၆)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, November 4, 2019 - 14:15