မယ်စဲ့မြို့နယ်၊ နမ့်ပိန်းလိန်ကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁-၁၁-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ ခလရ(၁၃၄)မှ ဗိုလ်မှူးမျိုးမင်းသန့် ဦးစီးစစ်ကြောင်းမှူးပါ တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် မယ်စဲ့မြို့နယ်၊ နမ့်ပိန်းလိန်ကြိုးပြင်ကာကွယ်တော အကွက်အမှတ်(၆၂)အတွင်း တရားမဝင်ကျွန်း/ပိတောက်(၁၇၅)လုံး (၈၃.၁၆၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, November 4, 2019 - 14:15