အမ်းမြို့နယ်၊ မင်းဘူး-အမ်းကားလမ်းတွင် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂-၁၁၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ငဖဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အမ်းမြို့နယ်၊ မင်းဘူး-အမ်းကားလမ်း၊ မိုင်တိုင်အမှတ်(၆၇/၂)အနီး၊ ကံမြင့်ကန်စစ်ဆေးရေးဂိတ်အနီးတွင် မော်တော်ယာဉ်အမှတ်မပါ NISSAN Diesel (ဖြူစိမ်းကြား)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၄၁)ချောင်း (၅.၁၄၂၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, November 6, 2019 - 11:00