မော်လိုက်မြို့နယ်၊ နန်းစံပယ်ကြိုးဝိုင်းအတွင်း နောက်တွဲယာဉ်(၄)စီးနှင့် တရားမဝင်တမလန်းခွဲသားများ ဖမ်းဆီးရမိ
ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃-၁၁-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် မော်လိုက်မြို့နယ်၊ နန်းစံပယ်ကြိုးဝိုင်းအတွင်း နောက်တွဲယာဉ်(၄)စီးနှင့်အတူ တရားမဝင်တမလန်းခွဲသား(၁၁၃)ချောင်း (၁၅.၀၈၁၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။



date:
Wednesday, November 6, 2019 - 11:00
