ရေဦးမြို့နယ်၊ စိုင်ပြင်-ဆည်တောလမ်းတွင် မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၁-၁၁-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေဿကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ဒီပဲယင်း/ဘုတလင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေဦးမြို့နယ်၊ စိုင်ပြင်-ဆည်တောလမ်း၊ စိုင်ပြင်ကျေးရွာမြောက်ဘက်(၃)မိုင်ခန့်အကွာနေရာ၌ မော်တော်ယာဉ်အမှတ်မပါ Nissan Diesel (၁၂)ဘီး(အစိမ်းရောင်)ယာဉ်နှင့် မော်တော်ယာဉ်အမှတ်မပါ(Sojen) (၆)ဘီး(အနီရောင်)ယာဉ်တို့ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၁၄၃)ချောင်း (၁၈.၁၇၁၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, November 6, 2019 - 11:00