ပြည်ကြီးတံခွန်မြို့နယ်၊ ဈ-ရပ်ကွက်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၄-၁၁-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် သစ်တောဦးစီး ဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဈ-ရပ်ကွက်၊ ၆၀-၆၁လမ်းကြား၊ မက္ခရာလမ်းနှင့် တပင်ရွှေထီးလမ်းကြား၊ အကွက် အမှတ် လလ-၄၆/၇၄၊ လူနေထိုင်ခြင်းမရှိသောခြံဝင်းအတွင်းမှ တရားမဝင် တမလန်း/ပိတောက်/ ယင်းတိုက် ဓါးရွှေ/ခွဲခြမ်း စုစုပေါင်း(၁၈၆)ချောင်း/ခြမ်း (၈.၅၆၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, November 7, 2019 - 10:15