မင်းကင်းမြို့နယ်၊ ရေဦး-ကလေးဝကားလမ်းတွင် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ
ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၅-၁၁-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မင်းကင်းမြို့နယ်၊ ရေဦး-ကလေးဝကားလမ်း၊ မိုင်တိုင်အမှတ်(၇၀/၀၃)အနီးနေရာ၌ မော်တော်ယာဉ် အမှတ် (2B/4317) NISSAN Diesel (၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင်တမလန်းဓါးရွေး (၄၇)တုံး(၉.၉၇၄၀) တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date:
Thursday, November 7, 2019 - 11:00
