ဗန်းမောက်မြို့နယ်၊ နန့်ခေါင်ဟူးကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်းသစ်များဖမ်းဆီးရမိ
၅-၁၁-၂၀၁၉ ရက်နေ့တွင် ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ သစ်တောရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ နန့်ခေါင်ဟူးကြိုးဝိုင်းအတွင်း တရားမဝင် ကျွန်းသစ်လုံး(၆၁)လုံး (၃၇.၂၈၆၀)တန်၊ သစ်စက်(၁)လုံး၊ လက်ကိုင်စက်လွှ(၁)လုံး၊ ဆင်(၁)ကောင်နှင့်အတူ တရားခံ(၅)ဦးအား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။



date:
Thursday, November 7, 2019 - 11:00
