ဂွမြို့နယ်၊ ဂွကြိုးပြင်တောအတွင်းတရားမဝင်သစ်များ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေ ဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်လျက်ရှိရာ ၅-၁၁-၂၀၁၉ ရက်နေ့တွင် ဂွမြို့နယ်၊ ဂွကြိုးပြင်တော၊ ဒေသအခေါ် လေယာဉ်ကျကုန်းအနီး ဘိုမင်းချောင်းနှင့် ဝါးကလောချောင်း ဝဲ/ယာနေရာတို့၌ တရားမဝင်တောင်သရက် သစ်(၁၆၅)လုံး (၁၄၃.၅၇၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Thursday, November 7, 2019 - 11:00