ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိ သူများအား Dr. Michael H. Barret ၊ Executive Director ၊ Science & Conservation WWF-UK နှင့်ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၆-၁၁-၂၀၁၉ ရက်နေ့ (၁၄:ဝဝ)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိ သူများအား Dr. Michael H. Barret ၊ Executive Director ၊ Science & Conservation WWF-UK နှင့်ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ Dr. Michael H. Barret မှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ WWF-Myanmar ၏ စီမံကိန်းလုပ်ငန်းများကို လေ့လာရန် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း သစ်တောဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသော ပဲခူးရိုးမ၊ မြောက်ဇာမရီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း တည်ဆောက် မည့် “ မြန်မာနိုင်ငံ၊ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးသင်တန်းကျောင်း”စီမံကိန်းကိစ္စရပ်များ၊ ၇-၁၁-၂၀၁၉ ရက်နေ့တွင် မြောက်ဇာမရီဘေးမဲ့တောအတွင်းရှိ “မြန်မာနိုင်ငံ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးသင်တန်းကျောင်း တည်ဆောက်ရေးလုပ်ငန်းနေရာကို ကွင်းဆင်းလေ့လာခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။
