အမျိုးသားမြေအသုံးချမှုကောင်စီ စတုတ္ထအကြိမ်အစည်းအဝေးကျင်းပ

အမျိုးသားမြေအသုံးချမှုကောင်စီ၏ စတုတ္ထအကြိမ်အစည်းအဝေးအား (၆- ၁၁- ၂၀၁၉) ရက်နေ့၊ နံနက် (၀၉ : ၀၀) နာရီတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကောင်စီဥက္ကဌ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။
အခမ်းအနားသို့ဆက်စပ်ဌာနများမှ အမျိုးသားမြေအသုံးချမှုကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဒုတိယရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်/ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့်တက်ရောက်ကြပါသည်။

date: 
Thursday, November 7, 2019 - 16:15