ပန်းတောင်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းအနီးတွင် တရားမဝင်ပိတောက်ခွဲသားများ ဖမ်းဆီးရမိ
၁၀-၁၁-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်(၁၂၂/၅)၏ အနောက်ဘက်(၂)ဖာလုံခန့်အကွာ တောစပ်အနီးနေရာ၌ တရားမဝင်ပိတောက်ခွဲသား(၇၅)ချောင်း (၁၂.၃၃၉၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date:
Thursday, November 14, 2019 - 15:00
