ဖျာပုံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၉-၁၁-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဖျာပုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းမျာအဖွဲ့သည် ဖျာပုံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အောင်မာဃလမ်းရှိ နေအိမ်ခြံဝန်း(၂)ခုအတွင်းမှ တရားမဝင်တောင်သရက်ခွဲသား(၁၀၃)ချောင်း(၁၃.၇၇၅၂)တန်အား တရားခံ (၄)ဦး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, November 14, 2019 - 15:00