ဝန်းသိုမြို့နယ်အတွင်း သုံးဘီးဆိုင်ကယ်(၄)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၃-၁၁-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝန်းသိုမြို့နယ်၊ ဝန်းသို-နမ်းခမ်းသွားကားလမ်းဝန်းကျင်နှင့် နမ်းခမ်းကြိုးဝိုင်းအတွင်း သုံးဘီးဆိုင်ကယ် (၄)စီးပေါ်မှ တရားမဝင် ကျွန်းခွဲသား (၄၆၇)ချောင်း (၃.၉၇၈၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, November 18, 2019 - 12:45