ရေတာရှည်မြို့နယ်၊ ရိုးမကြိုးပြင်ကာကွယ်တောအတွင်း၊ သင်းဝင်မြောင်ဘေးမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ
၁၄-၁၁-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ရိုးမကြိုးပြင်ကာကွယ်တောအတွင်း၊ သင်းဝင်မြောင်ဘေးတွင် တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်/ခွဲသား/ခွဲခြမ်း (၁၁၈၄)လုံး/ချောင်း/ခြမ်း (၇၃.၀၂၆၀)တန်နှင့်အတူ တရားမဝင် သစ်စက် (၁)လုံးအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။



date:
Monday, November 18, 2019 - 12:45
