ဘော်လခဲမြို့နယ်၊ ရွာသစ်ကျေးရွာအနီး တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၆-၁၁-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အမှတ်(၁၀၀၅)နယ်ခြားစောင့် တပ်မှ ဗိုလ်ကျော်မင်းလေးပါ တပ်မတော်သားများ၊ စ.ရ.ဖ ဗိုလ်ကြီးမျိုးသန့်ဇင်ပါတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘော်လခဲမြို့နယ်၊ ရွာသစ်ကျေးရွာ၏ မြောက်ဘက် သံလွင်မြစ်အနောက်ဘက်နေရာ၌ တရားမဝင်ကျွန်း/ပိတောက်သစ်(၂၈)လုံး (၁၀.၂၁၉)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Monday, November 18, 2019 - 12:45