ကံမမြို့နယ်၊ ဘူဘောင်ကျော၊ မဒေးကြိုးဝိုင်းအတွင်းတရားမဝင်သစ်များ ဖမ်းဆီးရမိ
ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၅-၁၁-၂၀၁၉ ရက်နေ့မှ ၁၆-၁၁-၂၀၁၉ ရက်နေ့ထိ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကံမမြို့နယ်၊ ဘူဘောင်ကျော၊ မဒေးကြိုးဝိုင်းအကွက်အမှတ်(၅၊ ၁၁)တို့အတွင်း တရားမဝင်ကျွန်း/ပျဉ်းကတိုးခွဲသား(၅၃)ချောင်း (၇.၆၈၃၈)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။



date:
Monday, November 18, 2019 - 12:45
