ကျောက်ဆည်မြို့တောင်ဘက်အထွက် ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၄-၁၁-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီး ဒုစရိုက်နှိမ်နင်းရေး၊ မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ဆည်မြို့တောင်ဘက်အထွက် ရန်ကုန်-မန္တလေးလမ်းဟောင်းနေရာ၌ မော်တော်ယာဉ်အမှတ် (BGO 6N/9574) MITSUBUSHI FUSO TRUCK ယာဉ်ပေါ်မှ တရားမဝင်တမလန်းဓါးရွေ(၃၁)ချောင်း(၄.၀၂၇၆)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, November 18, 2019 - 13:00