ဂွမြို့နယ်၊ ကျောက်ကြီးချောင်းတောင်ကြောအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၆-၁၁-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဗိုလ်ကြီးရဲပိုင်ထွန်းပါ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဂွမြို့နယ်၊ ကျောက်ကြီးချောင်းတောင်ကြော အတွင်း တရားမဝင်တောင်သရက်(၄၂)ပင် (၇၅)ပိုင်း (၇၉.၄၃၄)တန်နှင့် တောင်သရက်ခွဲသား(၂၄)ချောင်း (၈.၀၉၀၃)တန် စုစုပေါင်း(၈၇.၅၂၄၃)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, November 19, 2019 - 14:30