ပုလဲမြို့နယ်အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၅-၁၁-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုလဲမြို့နယ်၊ လက်ပံကျေးရွာ၏အရှေ့တောင်ဘက်နှင့် ကန်သာယာ ကျေးရွာ၏အနောက်တောင်ဘက်ဝန်းကျင်တို့မှ တရားမဝင် ပျဉ်းကတိုး/သစ်ယာ/သန်း/ကုက္ကိုလ်/ လက်ပံ/ ပိတောက်/ထောက်ကြံ့/နှောခွဲသား (၈၀)ချောင်း (၆.၃၃၅၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, November 19, 2019 - 14:30