တောင်ငူမြို့နယ်၊ ပန်းပဲတိုးချဲ့ကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၆-၁၁-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ပန်းပဲတိုးချဲ့ကြိုးဝိုင်း အတွင်း တရားမဝင်ရုံး/ဖန်ခါး/ချဉ်ယုတ်/လယ်ဇသစ် (၄၁)လုံး (၉.၈၃၆)တန်နှင့် JANGDONG အင်ဂျင်(၁)လုံးပါ တရားမဝင်သစ်စက်နှင့်စက်ဆက်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, November 19, 2019 - 14:30